play

 

ဒီဇင်ဘာ (၂၁) ရက် နံနက် (၉)နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမရှေ့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း ဆောင်ရွက်မှုပြုလုပ်ခဲ့သည်။

play

 

ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးရာတွင် မော်တော် ဆိုင်ကယ် ဦးထုပ်မဆောင်းသူများအား ဦးထုပ်များဆောင်းပေး၍ မေးသိုင်းကြိုးတပ်ပေးကာ လက်ကမ်း စာစောင်များ ဝေငှပြီးမော်တော်ဆိုင်ကယ်စီး ပြည်သူများအား အသိပညာပေး ပိုစတာများကို ဖတ်ရှုစေခြင်းဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခဲ့သည်။

Source & Photo: မောင်မောင်သန်း(တောင်ကြီး)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video