AD
AD
AD
play

သူ ငှားထားတဲ့ ဖျော်ဖြေကပြနေသူတွေရဲ့ ရှေ့တင်ပဲ အဲဒီအမျိုးသားဟာ မိန်းကလေးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တာကို ဒီပုံမှာ တွေ့ရပါတယ်။

တရုတ်ပြည်ရဲ့ အနောက်တောင်ပိုင်း မြို့တော် ချန်ဒူးမြို့ရဲ့ လမ်းမတစ်ခုပေါ်မှာ ကပြဖျော်ဖြေနေသူတွေကို တွေ့လိုက်ရတော့ မိန်းကလေးက အစပိုင်းမှာတော့ တကယ့်ကို အံ့သြဝမ်းသာ ဖြစ်သွားပုံပါပဲ။

 

play

 

သူမရဲ့ချစ်သူ သူမဆီ လျှောက်လှမ်းလာတော့ သူမက စတင်ငိုကြွေးခဲ့ပါတယ်။

play

ဒါပေမဲ့ သူက ဒူးထောက်ထိုင်ချပြီး လက်စွပ်ဘူးလေးကို ဖွင့်လိုက်ချိန်မှာ သူမလုံးဝစိတ်ပျက်သွားတာ သိသာလှပါတယ်။

 “သူမမျက်လုံးတွေက ပြူးကျယ်သွားပြီး ပါးစပ်ကို လက်နဲ့ အုပ်လိုက်တယ်။ ပြီးတော့ ချာခနဲလှည့်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတယ်” လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

play

 

နောက်ပိုင်းမှာတော့ သူမနဲ့ သူမသူငယ်ချင်းတစ်ယောက် Wechat မှာ အဲဒီအကြောင်း အပြန်အလှန်ပြောနေတကြတဲ့ စကားတွေကို Screenshot ရိုက်ထားတဲ့ ပုံတစ်ပုံဟာ အွန်လိုင်းပေါ်မှာ ပေါက်ကြားလာခဲ့ပါတယ်။

 “ဒါပေမဲ့ တစ်ကာရက်လောက်ကြီးတဲ့ စိန်လက်စွပ် ဝယ်ပေးမယ်လို့ သူ သဘောတူထားတာ။ ဘာလို့ စိန်က အရမ်းသေးနေရတာလဲ။ သူ နမော်နမဲ့နိုင်တာလား ဒါမှမဟုတ် ငါ့ကို အလေးရော ထားရဲ့လား” လို့ ကောင်မလေးက ပြောပါတယ်။

“စိတ်မပူပါနဲ့။ နောက်မှ ပိုကြီးတဲ့စိန်လက်စွပ် ပေးဖို့ လုပ်ထားတာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အခု သူ အဲဒီအတွက် မပြင်ဆင် ထားတာ ဖြစ်ချင်ဖြစ်မယ်” လို့ သူမရဲ့ သူငယ်ချင်းက ပြန်ပြောထားပါတယ်။


Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD