AD
AD
AD
play

 

ကွန်ပျူတာတက္ကသိုလ်ကျောင်းများမှ ထူးချွန် ကျောင်းသားများကို သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ စတင် လက်ခံပေးလျှက်ရှိကြောင်း သိရသည်။

တက္ကသိုလ်၏ ကန့်သတ်ချက်အရ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကိုသာ နှစ်စဉ်လက်ခံပေးခြင်းဖြစ်ပြီး အခြားသောတက္ကသိုလ်များမှ ထူးချွန်များကို လက်ခံရာတွင်လည်း လိုအပ်ချက်ရှိသည့် ကျောင်းသားအရေအတွက်အတိုင်းသာ လက်ခံပေးမည်ဖြစ်သည်။

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သည် ၂၀၁၂ ခုနှစ်မှ စတင်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်လက်အောက်၌ အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်(ဗဟန်း) ဟူ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ဟူ၍ အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။


Source & Photo : Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD