AD
AD
AD
play

 

ကင်ညာနိုင်ငံမှာ ခရီးသည်တွေ စီးနင်းလာတဲ့ ဘတ်စ်ကားတစ်စီးကို အစွန်းရောက် စစ်သွေးကြွတွေ တားဆီးသတ်ဖြတ်ဖို့ ကြိုးစားချိန်မှာ ကာကွယ်ပေးခဲ့တဲ့ ကင်ညာမွတ်ဆလင်အမျိုးသားတွေက နာမည်ကြီးလာပါတယ်။

အယ်ရှာဘတ်အကြမ်းဖက်စစ်သွေးကြွေတွေက အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကို မကြာခဏဖမ်းဆီး သတ်ဖြတ်လေ့ရှိတဲ့ အစွန်းရောက်တွေပါ။ အဲဒီနေ့က စီးနင်းလာတဲ့ ကားကို တားဆီးပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာပါ။

play

 

ဒါပေမဲ့ ကားပေါ်မှာ ပါလာတဲ့ မွတ်ဆလင်အမျိုးသားတွေက ကာကွယ်ပေးခဲ့ပြီး “ငါတို့အားလုံးကို ပစ်ချင်ရင် ပစ်သွား၊ ဒါမှမဟုတ်ရင် ဘယ်သူ့ကိုမှမပစ်နဲ့” လို့ပြောပြီး ကာကွယ်ပေးခဲ့ပါတယ်။ မွတ်ဆလင် အမျိုးသားတွေကာကွယ်ပေးခဲ့မှုကြောင့် အခြားခရစ်ယာန် ဘာသာဝင်တွေ သေဘေးက လွတ်မြောက်သွားခဲ့ပါတယ်။

play

 

သူတို့က ကျွန်တော်တို့ကိုပါပစ်မယ်လို့ ခြိမ်းခြောက်တာဗျ။ ကျွန်တော်တို့ကလည်း ကိုယ်ရဲ့ညီအစ်ကို မောင်နှမတွေကို ကာကွယ်ပေးရမယ် မဟုတ်လား။ နောက်တော့လည်း သူတို့ ပြန်ထွက်သွားရတာပါပဲ။ ဒါပေမဲ့ ပြန်လာခဲ့မယ်လို့တော့ ပြောသွားတယ်” ဆိုပြီး ကာယကံရှင်မွတ်ဆလင် အမျိုးသားတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။


Source : straitstime

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD