AD
AD
AD
play
အပျက်အစီးများအောက် နာရီပေါင်း ၆၀ ကျော်ကြာ ပိတ်မိခဲ့ပေမယ့် သေဘေးမှ လွတ်မြောက်ခဲ့သူ

 

အသက် ၁၉ နှစ်အရွယ် လူတစ်ဦးကို ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ဒေသစံတော်ချိန် နံနက် ၃း၃၀ မှာ ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးအောက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

play
မြေပြိုကျမှု အဆောက်အအုံ ပြိုကျမှုများ ဖြစ်ပွားခဲ့အပြီး မြင်ကွင်း

 

ယခုအခါ ၎င်းကို ဆေးကုသမှုများ ပြုလုပ်ပေးထားကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရှန်ကျန်း စက်မှုဇုန်နယ်မြေမှာ မြေပြိုကျမှု ဖြစ်ပွားပြီး အဆောက်အအုံ ၃၀ ကျော် ပြိုကျခဲ့ပါတယ်။

play
မြေပြိုမှု မဖြစ်ပွားမီနှင့် ဖြစ်ပွားအြ့ပီး အခြေအနေ နှိုင်းယှဉ်ထားမှု

 

မြေပြိုမှုဖြစ်ပွားပြီး အဆောက်အအုံများ ပြိုကျမှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးကာ အခြား လူ ၇၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

play
မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာ မြင်ကွင်း

 

မြေပြိုကျမှုဟာ ကြီးမားတဲ့ မြေစာပုံ စုပုံထားမှု၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ နေရာမှာ ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေပါတယ်။


Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
More From

News


AD