AD
AD
AD
play

 

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါဝင်ကူညီပေးခဲ့သော ရန်ကုန်တိုင်းအတွင်းရှိ အနှေးယာဉ်လုပ်သားများနှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ဒီဇင်ဘာလ (၂၆) ရက်နေ့ တွေ့ဆုံပွဲသို့တက်ရောက်မည့် အနှေးယာဉ်လုပ်သားများအား မြို့နယ်တစ်မြို့နယ် လျှင် အနှေးယာဉ်လုပ်သား (၅)ဦးစီ ကိုယ်စားပြု၍  မဲစနစ်ဖြင့် ရွေးချယ်ခြင်းကို မြို့နယ်အချို့တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

play

 

ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးမဲဆွယ်စည်းရုံးမှု များတွင် ရန်ကုန်တိုင်းအတွင်းရှိ အနှေးယာဉ်လုပ်သားများက အခမဲ့စေတနာဖြင့် လိုက်ပါကူညီဆောင်ရွက်ပေးမှုများရှိခဲ့ သည့်အတွက် အခုလိုစီစဉ်ခဲ့ခြင်းဖြစ်သည်။

play

 

ထို့အပြင် အောင်နိုင်ရေးအတွက် ကူညီပေးခဲ့မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ကိတ်မုန့်များကိုလည်း အနှေးယာဉ်လုပ်သားများ ထံသို့ မကြာသေးမီ ရက်ပိုင်းလောက်က လက်ဆောင်ပို့ပေးခဲ့သည်။


Source: 7Day Daily

Photo: နစ်ကီ, yangon.coconut, enigmaimages

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
More From

News


AD