play

 

သီးသန့်လုံခြုံရေးရန်ကုန်တိုင်းဒေသကြီးတွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးညများအတွက် သီးသန့်လုံခြုံရေးကို ယခုလ (၂၃) ရက်နေ့မှ စတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လှည့်ကင်းများကို ခရိုင်အဆင့်တွင် ဒီဇင်ဘာ (၂၂) ရက်နေ့မှ စတင်၍ လုံခြုံရေးအတွက် လုပ်ဆောင်နေပြီး ပွဲတော်ရက်များဖြစ်သည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးညများ၌ မြို့နယ်ရဲစခန်းတွင်ကင်းနှင့်တာဝန်မှအပ ကျန်ရှိသည့် ရဲဝန်ထမ်းများဖြင့် လုံခြုံရေးတာဝန် ဆောင်ရွက်မည်ဖြစ်သည်။

play

 

ထို့အပြင် လက်ရှိလုပ်ဆောင်နေသည့် လှည့်ကင်းများကို အချိန် ပိုမိုစောစီးစွာ ပြုလုပ်မည်ဖြစ်ပြီး မြို့နယ်အချင်းချင်း ချိတ်ဆက်၍ လုံခြုံရေးတာဝန်ယူမည့်အပြင် ခရိုင်ရဲတပ်ဖွဲ့မှ ထပ်မံအားဖြည့်ကာ တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ ရန်ကုန်မြို့ရှိ လူ စည်ကားသည့် နေရာများဖြစ်သည့် အင်းလျားကန်ပေါင်၊ ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီး၊ မဟာဗန္ဓုလပန်းခြံနှင့် အခြား လူစည် ကားသည့်နေရာများတွင် မိုးလင်းသည်အထိ လုံခြုံရေးဆောင်ရွက်သွားမည်ဟု သိရသည်။


Source: 7Day Daily

Photo: dailymail, vosizneias

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video