AD
AD
AD
play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ကျရောက်မည့် (၂၃၁) နှစ်ပြည့် ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းဖွယ်အခမ်းအနားကို မြောက်ဦးမြို့ ၊ နန်းတော်ကုန်း၌ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

play

 

အဆိုပါ ဝမ်းနည်းဖွယ်အခမ်းအနားတွင် သံဃာတော်များက ပရိတ်တရားတော်ဟောကြားခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါးများ ပြသခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ည၌ နန်းတော်ကုန်းတံတိုင်းတွင် မီးထွန်းခြင်းနှင့် စာပေဟောပြောပွဲပြုလုပ်ခြင်းများ ပါဝင်မည်ဖြစ်သည်။

play

 

မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ် ၊ ဒီဇင်ဘာ (၃၁) ရက်နေ့တွင် ရခိုင်ဘုရင်၏ မြောက်ဦးထီးနန်းမှာ ဘိုးတော် ဘုရား၏ သိမ်းပိုက်မှုခံခဲ့ရပြီး ရခိုင်၏ အချုပ်အခြာအာဏာကျဆုံးခဲ့ရသည်။


Source: 7Day Daily

Photo: exoticdestinations, wikimedia, youtube, wikipedia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD