AD
AD
AD
play

သေဆုံးသွားတဲ့ အမျိုးသမီးဟာ ပေါက်ကဲမှု ဖြစ်ပွားချိန်မှာ Pegasus လေကြောင်းလိုင်းရဲ့ လေယာဉ်ကို သန့်ရှင်းရေး လုပ်နေခဲ့တာ ဖြစ်ပါတယ်။ သူမနဲ့အတူ ရှိနေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက ဒဏ်ရာရရှိခဲ့ပါတယ်။

play

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့က လေဆိပ်ဝင်ပေါက်တွေကို လုံခြုံရေး တင်းကျပ်ထားလိုက်ပါတယ်။ လေဆိပ်မှ လေကြောင်းခရီးစဉ်တွေကတော့ ပုံမှန် ပျံသန်းနေတယ်လို့ ဆိုပါတယ်။

play

 

သေဆုံးသူ အမျိုးသမီးက အသက် ၃၀ အရွယ် ဇေဟရာ ယာမက် ဖြစ်ပြီး ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ လေယာဉ်ပေါ်နဲ့ အနီးအနားမှာ ခရီးသည်တွေ မရှိပါဘူး။ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၃ ရက်) နံနက်အစောပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ဗုံးပေါက်ကွဲမှု ဟုတ် မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ မျက်မြင်အချို့ရဲ့ပြောကြားချက်အရ ပေါက်ကွဲမှုအသံ သုံးကြိမ် ဆက်တိုက် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု အရှိန်ကြောင့် အနီးအနားမှာ ရှိနေတဲ့ လေယာဉ်သုံးစင်း ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။

Pegasus လေကြောင်းလိုင်းဟာ အစ္စတန်ဘူလ် အခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဆဘီဟာ ဂေါခ်ဆင် လေဆိပ်က အစ္စတန်ဘူလ်မြို့ရဲ့ ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်ကြောင်း သိရပါတယ်။

Source & Photo: BBC, NBC News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD