AD
AD
AD
play

 

အလောင်းတော် ကဿပဘုရားသို့ သွားသည့်လမ်း ဖွင့်မည့်ရက်ကို ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

မူလက ဒီဇင်ဘာ၂၃ ရက်တွင် ဖွင့်လှစ်မည်ဟု သတ်မှတ်ထားသော်လည်း လမ်းပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် အနည်းငယ် နောက်ကျပြီးမှ ဖွင့်လှစ်မည်ဖြစ်သည်။ ယင်းအပြင် ဥယျာဉ်ထိန်းသိမ်းရေး လုပ်ငန်းများလည်း ပြုလုပ်နေပြီး ဘုရားဖူးသူများ အဆင်ပြေစေရန် ဥယျာဉ်ရှိ ဆင်များအပြင် မြန်မာ့သစ်လုပ်ငန်းမှ ဆင်များနှင့်ပါ အားဖြည့်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

ဘုရားဖူးများအနေဖြင့် ဆင်များကို အသုံးပြု၍ လမ်းခရီးသွားရာတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများကို ဦးစားပေး၍ နံနက် ၆ နာရီမှ ၁၁ နာရီခွဲထိ တစ်ကြိမ်၊ ညနေ ၃ နာရီ မှ ၆ နာရီထိ တစ်ကြိမ် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ပေးမည်ဖြစ်သည်။

Source & Photo : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD