AD
AD
AD
play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၃) ရက်နေ့က မိနစ် (၃၀) အတွင်း ယာဉ်တိုက်မှု (၂) ကြိမ်ဖြစ်ပွား၍ လူ (၁)ဦး သေဆုံးပြီး ခရီးသည်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒီဇင်ဘာလ (၂၃) ရက်နေ့ ၊ နံနက် (၁၀) နာရီခန့်က လမ်းဘေးရပ်ထားသော ကုန်တင်ယာဉ်ကို ဟွန်ဒါဖစ်ယာဉ်က နောက်မှ ဝင်တိုက်၍ လူ(၁)ဦးသေဆုံးပြီး (၄) ဦးဒဏ်ရာရရှိခဲ့သည့်အပြင် မြို့မ ရပ်ကွက် မုံရွာ-မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၆၈/၁) နှင့် (၆၈/၂) အကြား လမ်းဘေးတွင်လည်း နံနက် (၁၀) နာရီခန့်က ယာဉ်စက်ပျက်၍ လမ်းဘေး၌ ရပ်ထားသော ကုန်တင်ယာဉ်ကို မုံရွာမြို့မှ မန္တလေးသို့ မောင်းနှင်လာသော ဟွန်ဒါဖစ်အဖြူရောင်ယာဉ်က နောက်မှ ဝင်တိုက်သဖြင့် ဟွန်ဒါဖစ်ယာဉ် မောင်းအမျိုးသားသေဆုံးပြီး ယာဉ်ပေါ်လိုက်ပါလာသော အမျိုသမီး(၃) ဦးနှင့် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ချောင်းဦးမြို့ မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

Source: 7 Day Daily

Photo: မျိုးမင်းဦး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD