AD
AD
AD
play

 

လိပ်ကျွန်းလူသတ်မှုမှာ  မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဇော်ဝင်းထွန်းတို့ကို သေဒဏ်ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး အယူခံဝင်သွားမယ်လို့ သိရပါတယ်။

play

 

မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်အပြင် စွပ်စွဲထားတဲ့ပြစ်မှု (၇)မှုအတွက် သီးခြားပြစ်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပြီး ခုလိုချမှတ်ခြင်းကို အယူခံတက်သွားမှာ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားကွန်ယက်မှ တာဝန်ရှိသူတွေက ပြောကြားထားတယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် ယခုအမှုကို လိုက်လံကူညီပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ လှုပ်ရှားသူ အန်ဒီဟောကလည်း အယူခံဝင်မယ်လို့ သူရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

play
မြန်မာ့လုပ်သားနှစ်ဦးဘက်မှ ဆောင်ရွက်နေသော ထိုင်းရှေ့နေနှင့် အန်ဒီဟော

 

တရားသေလွှတ်ပြီး ထိုင်းရဲဘက်က အယူခံတက်လိမ့်မယ်လို့ အမိန့်မချမှတ်မီ ခန့်မှန်းမှုတွေ ရှိခဲ့ပေမဲ့ အမှုစစ်ဆေးရာ ကော့စမွီတရားရုံးက အခုလို သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။


Photos Sources: Bangkok Post, 7Day Daily
Sources: Popular News, Irrawady

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD