AD
AD
AD
play

 

စိမ်းလန်းအမိမြေ ဖွံ့ဖြိုး တိုးတက်ရေးအသင်းက ပြုလုပ်သော ပတ်ဝန်းကျင်ရေးရာလေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံရှိ စစ်တမ်းပြုလုပ်ခဲ့သည့် ပြည်နယ်နှင့် တိုင်း (၁၀)ခုအနက် (၆)ခု (မကွေး၊ မန္တလေး၊ ပဲခူး၊ ရှမ်း၊ ကရင်နှင့်ချင်း) ၌ လေထုညစ်ညမ်းမှု အများအပြားဖြစ်ပေါ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

play

 

လေထုညစ်ညမ်းမှုအမျိုးအစား လေ့လာရာတွင် အမှုန်အမွှားများနှင့် မီးခိုးပြာများကြောင့် လေထုညစ်ညမ်းခြင်း၊ စက်ရုံ၊ အလုပ်ရုံများ၊ မီးဖိုချောင်များမှ စွန့်ပစ်အမှိုက်များ၊ မွေးမြူရေးလုပ်ငန်းများမှအနံ့ဆိုးများ၊ မော်တော်ယာဉ်များမှ ထွက်ရှိသော မီးခိုးငွေ့များနှင့် ပလတ်စတစ်အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်းတို့က အများဆုံးဖြစ်သည်။

play

 

ထို့အပြင် အမှုန်အမွှားများနှင့် မီးခိုးပြာများကြောင့် လေထုညစ်ညမ်းခြင်းကို မန္တလေးမြို့  အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ ကရင်ပြည်နယ်၊ မြဝတီရှိ စက်မှုအခြေပြုမြို့များတွင် လမ်း၊ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ဘိလပ်မြေစက်ရုံများ၊ လမ်းခင်းကျောက်ခွဲ စက်များနှင့် ကြေးနီသတ္တုတွင်း လုပ်ငန်းများကြောင့် အဓိကဖြစ်ပွားရခြင်းဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားကာ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ပဲခူးတိုင်း၊ အုတ်ဖိုအစရှိသည့် ဆန်၊ စပါးစိုက်ပျိုးရေး အဓိကလုပ် ဆောင်သည့်ဒေသများ၌ စပါးခင်းများကို ရိတ်သိမ်းခြွေလှေ့ခြင်း၊ ရိတ်သိမ်းပြီး စပါးရိုးပြတ်များကို မီးရှို့ခြင်း၊ ချင်းပြည်နယ်၊ တီးတိန်၊ ဖလမ်းမြို့နယ်များနှင့် မကွေးတိုင်း ငဖဲတို့တွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရန်တောင်ယာများ မီးရှို့ခြင်း၊ တောမီး လောင်ခြင်းတို့ကြောင့်လည်း လေထုညစ်ညမ်းမှု ဖြစ်ပွားနေသည်ဟု လေ့လာတွေ့ရှိရသည်။

play

 

လေထုညစ်ညမ်းမှုသည် သစ်တောပြုန်းတီးမှုနှင့် ရေထုညစ်ညမ်းမှုများပြီးလျှင် တတိယအများဆုံးတွေ့ရသည့် ပတ်ဝန်းကျင် ပြဿနာတစ်ခုဖြစ်ပြီး စစ်တမ်းကောက်ယူခဲ့သည့် မြို့နယ်များ၏ (၂၈) ရာခိုင်နှုန်း၌ တွေ့ရသည်။ ပတ်ဝန်းကျင်ရေးရာလေ့လာဆန်းစစ်ချက်ကို စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများပူး ပေါင်းကာ ၂၀၁၃-၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀)ခု၊ မြို့နယ် (၅၀) အတွင်းရှိကျေးရွာ (၄၅၉) ရွာ၌ ပြည်သူ့ စစ်တမ်းကောက်ယူခဲ့သည်။

Source: 7 Day Daily

Photo: google, thebeautifulmyanmar, betterphoto, myanmars.net

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD