AD
AD
AD
play

 

ပြီးခဲ့သည့် သြဂုတ်လအတွင်း မြေပြိုမှုများကြောင့် ကဂင်၊ ဝေါင်မွာလ်နှင့် ထင်ဇန်ကျေးရွာများမှ လူဦးရေ (၃၄၀) ကျော်၊ မိသားစု (၇၇) စု တီးတိန်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံခဲ့ကာ ၄င်းဒုက္ခသည်ျားအတွက် မြို့အစွန်တွင် တည်ဆောက်နေသည့် နေအိမ်များကို ခရစ္စမတ်မတိုင်မီ ဒီဇင်ဘာလ (၂၄) ရက်နေ့ (ယနေ့) လွှဲပြောင်းပေးမည်ဖြစ်သည်။

play

 

အဆိုပါ ဒုက္ခသည်များအတွက် အိမ်ခြေ (၄၆) လုံး ဆောက်လုပ်ပေးရန် စီစဉ်ထားရာ သစ်တောရေးရာ ဝန်ကြီးဌာနက အိမ်ခြေ (၄၁) လုံးကို တာဝန်ယူဆောက်လုပ်ပေးပြီး လူငယ်အဖွဲ့အစည်းတစ်ဖွဲ့က အိမ် (၅)လုံး တည်ဆောက်ပေးထားသည်။ ပြောင်းရွှေ့ရာတွင် ကဂင်ရွာ မှ ၃၂ အိမ်၊ ဝေါင်မွာလ်ရွာမှ ၁၄ အိမ်နှင့် ထင်ဇန်ရွာမှ ခုနစ်အိမ်ပါဝင်ကြောင်း ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ဟားခါးနှင့် တီးတိန်မြို့နယ်ရှိ ဒုက္ခသည်များအတွက် အစိုးရက အိမ်ရာများတည်ဆောက်ပေးနေပြီး တွန်းဇံမြို့နယ်၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်ပေးခြင်းသာရှိပြီး အခြား နေရာများတွင် မရှိသေးကြောင်း သိရသည်။

Source: 7 Day Daily

Photo: Maung No, wikimedia

+++

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD