play

 

ဆော်ဒီအာရေဗီးယားနိုင်ငံ တောင်ပိုင်း ဂျဇန်မြို့ရဲ့ အထွေထွေဆေးရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အခြား လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

play

 

ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်နဲ့ သားဖွားဆောင်မှာ မီးလောင်မှု စတင် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

play

 

ဆေးရုံ မီးလောင်မှုအတွင်း ဒဏ်ရာ ရရှိခဲ့သူတွေကို ပုဂ္ဂလိကနဲ့ အစိုးရ အထွေထွေ ဆေးရုံတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဂျဇန်မြို့ဟာ ဆော်ဒီတောင်ပိုင်းမှာ တည်ရှိတဲ့ ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ပါတယ်။

Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video