AD
AD
AD
play

 

မန္တလေးမြို့တွင် (၂) နှစ် တစ်ကြိမ်ကျင်းပသည့် အိမ်မွေးတိရစ္ဆာန်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၅) မှ (၂၆) ရက်နေ့ အထိ ပြင်ဦးလွင်မြို့ ၊ ဒီဇင်ဘာမွေးမြူရေးခြံတွင် ပထမဆုံးပြောင်းလဲကျင်းပမည်ဖြစ်ပြီး  နိုင်ငံခြား ဒိုင်အဖွဲ့မှ လာရောက်အကဲဖြတ် အမှတ်ပေးမည့်အပြင် တိရစ္ဆာန်အစာနှင့် ဆေးဝါးပြပွဲများကိုပါ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

အဆိုပါ (၅) ကြိမ်မြောက် အိမ်မွေးတိရစ္ဆာန်ပြိုင်ပွဲတွင် ခွေးနှင့် ကြောင်အမျိုးအစားများကို အရေအတွက် အကန့်အသတ်မရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

play

 

 ပြိုင်ပွဲလာရောက် ယှဉ်ပြိုင်သည့် အိမ်မွေးတိရစ္ဆာန် များဖြစ်သည့် ခွေးနှင့်ကြောင် အမျိုးအစားအပေါ် မူတည်၍ တိရစ္ဆာန် အမျိုးအစားတစ်ခုလျှင် အနည်းဆုံးဆု (၃)ဆု ပေးအပ်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် အိမ်မွေး တိရစ္ဆာန်ပြိုင်ပွဲ၌ ခွေးအမျိုးအစား (၁၀၀) ခန့် ပြိုင်ပွဲဝင်ခဲ့သည်။

Source: 7 Day Daily

Photo: columbian, petconnection, wikimedia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD