AD
AD
AD
play

 

၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး မိုဘိုင်းလ်ဖုန်းဘီလ်အပေါ် အခွန်ကောက်ခံဖို့အတွက် ဘဏ္ဍာရေးမူကြမ်းမှာ ထည့်သွင်းရေးဆွဲ ထားတယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ ဒါပေမဲ့ လွှတ်တော်အသစ်နဲ့ အစိုးရသစ် ကအတည်ပြု ပေးမှ အသက်ဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်သူတွေသုံးစွဲတဲ့ မိုဘိုင်းလ်ဖုန်းကုန်ကျငွေအပေါ် အခွန်ထပ်ဆင့်ပေးဆောင်ရ၊ မဆောင်ရဆိုတာ အသစ်တက် လာမယ့် အစိုးရအပေါ် မူတည်နေတာ ဖြစ်ပါတယ်။

play

 

မိုဘိုင်းလ်ဖုန်းဘီလ်အပေါ် အခွန်ကောက်ခံတဲ့စနစ်ဟာ  သုံးစွဲသူတွေအပေါ် တိုက်ရိုက်ကောက်ခံတဲ့ စနစ်ဖြစ်တာကြောင့် အော်ပရေတာတွေကြားဝင်လို့မရဘူးလို့ ဆိုပါတယ်။

ဆိုလိုတာက အော်ပရေတာတွေ အပြိုင်အဆိုင် ရှိတာကြောင့် စားသုံးသူတွေအတွက် အခွန်ဆောင်ပေးတာမျိုး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းဘီလ်အပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံတာကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ စတင်ဖို့ ကြိုးစားခဲ့ပေမဲ့ အများပြည်သူ မကျေနပ်ခဲ့တာကြောင့် ပြန်လည် ဆိုင်းငံ့ခဲ့ရပြီး အခုအသက်သွင်းဖို့ ပြန်လည်ကြိုးစားတာ ဖြစ်ပါတယ်။

 

Source : internet journal

Photos : techinasia, janchipchase

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD