AD
AD
AD
play

 

လိပ်ကျွန်းလူသတ်မှုမှာ အပြစ်ရှိတယ်လို့ ထိုင်းတရားရုံးကဆုံးဖြတ်လိုက်တဲ့အပေါ် ဆိုရှယ်မီဒီယာတွေပေါ်မှ ဝေဖန်မှုတွေ ဆူညံလျှက်ရှိပါတယ်။ ဒီသတင်းကို ဖော်ပြတဲ့ နာမည်ကျော်မီဒီယာတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေ အောက်မှာလည်း ထိုင်းနိုင်ငံတရားရုံးရဲ့ တရားစီရင်ရေးကို မယုံကြည်ကြောင်း မှတ်ချက်အသီးသီး ပေးထားကြပါတယ်။

play

 

ထိုင်နိုင်ငံသားတွေရဲ့ ပရိုဖိုင်တင်ထားသူတွေကိုယ်တိုင်က ထိုင်းရဲ့လုပ်ရပ်အပေါ် ရှက်မိကြောင်း မှတ်ချက်ပေးကြပါတယ်။ DNA စစ်ဆေးရာမှာ ပထမတစ်ခေါက်တုန်းက ရှင်းရှင်းလင်းလင်း မသိခဲ့ရတဲ့အတွက် ဒုတိယအကြိမ်ပြန်စစ်ဆေးဖို့ တောင်းဆိုတာကို တရားရုံးက ပယ်ချခဲ့ပါတယ်။

အဲဒါကြောင့် DNA ကိုက်ညီမှုမရှိဘူးလို့ အများက ယူဆကြပြီး မျက်မြင်သက်သေမရှိတဲ့ ဖြစ်ရပ်ကို သေဒဏ်ချတဲ့အပေါ်လည်း ဝေဖန်မှုတွေရှိပါတယ်။

play

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တရားစီရင်ရေးမှာ ဥပဒေနဲ့ မညီဘူးဆိုရင် ကူညီပေးဖို့ ဆောင်ရွက်သွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောထားပါတယ်။ ဒါပေမဲ့ ဥပဒေအင်္ဂါရပ်နဲ့ ညီ၊ မညီဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးလို့ ဘယ်လို ကူညီမယ်ဆိုတာ မပြောနိုင်သေးလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးဉာဏ်ဝင်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး kumudra သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

play

play

Source : bangkok post and dailymail's facebook pages

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD