AD
AD
AD
play
ကျောင်းစားသောက်ဆိုင် ဝန်ထမ်း ဒယ်လန်ဘိုဒန်ဆို

အီဒါဟိုပြည်နယ် ပေါ့တက်တယ်လိုမြို့ရှိ Irving အလယ်တန်းကျောင်းတွင် စားပွဲထိုးတစ်ဦးဖြစ်သော ဒယ်လန်ဘိုဒန်ဆို သည့် အမျိုးသမီးမှာ ဗိုက်ဆာနေပြီး နေ့လယ်စာစားရန် ပိုက်ဆံမပါသော အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးကို နေ့လယ်စာ ပေးခဲ့မိသည်ဟု ပြောသည်။

ထို့နောက် ဘိုဒန်ကပင် အဆိုပါ နေ့လယ်စာအတွက် ကျသင့်ငွေ ၁.၇၀ ဒေါ်လာကို ရှင်းခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ကြီးကြပ်ရေးမှူးက ၎င်းအား အလုပ်မှ နားခိုင်းခဲ့ကာ  နောက်တစ်နေ့တွင် အလုပ်ထုတ်စာ လက်ခံရရှိခဲ့သည်။

 “ကျွန်မ နာကျင်ရပါတယ်။ ကျွန်မအလုပ်ကို ကျွန်မချစ်တယ်။ အဲဒီလို ထပ်မလုပ်ဘူးလို့လည်း ကျွန်မ မပြောနိုင်ဘူး” ဟု အဆိုပါကျောင်းစားသောက်ဆိုင်တွင် သုံးနှစ်အလုပ်လုပ်ခဲ့သည့် ဘိုဒန်က ပြောသည်။

၎င်းအား အလုပ်ဖြုတ်သည့် ကိစ္စမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားကာ အလုပ်ပြန်ခန့်ရန်အတွက် လက်မှတ်ပေါင်း ၄၈,၀၀၀ ကျော်ပါသည့် အသနားခံစာတစ်စောင် တင်ခဲ့ကြသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မေးမြန်းသည်ကို ကျောင်းအာဏာပိုင်များက ရုတ်ချည်း မှတ်ချက်မပေးခဲ့ကြသလို ခရိုင်ကျောင်းဘုတ်အဖွဲ့ဝင် တစ်ဦးကလည်း ယင်းမှာ လူမှုရေးပြဿနာဖြစ်ကြောင်း ပြောကာ မှတ်ချက်မပေးနိုင်ဘဲ ငြင်းဆိုခဲ့သည်။

Source & Photo NBC News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD