AD
AD
AD
play

 

ဂျက်ဆီကာက ၂၀၁၃ ခုနှစ်ကတည်းက သွေးကင်ဆာ ရောဂါကြောင့် ကုသမှု ခံယူနေခဲ့ရလေး ဖြစ်ပါတယ်။ အခုတော့ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ခရစ္စမတ်နေ့ကို သူမရဲ့နေအိမ်မှာ နေထိုင် ဖြတ်သန်းနိုင်ပြီ ဖြစ်ပါတယ်။

play

 

ဂျက်ဆီကာမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အဆင့် သွေးကင်ဆာ ဖြစ်ပွားနေပြီဆိုတာ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မိဘတွေဖြစ်တဲ့ မန်ဒီနဲ့ ဘော့ဘ်တို့ဟာ ဂျက်ဆီကာရဲ့ သွေးကင်ဆာရောဂါအကြောင်း သိရပြီးနောက် ဆောက်တည်ရာမရ ဖြစ်ခဲ့ကြပါတယ်။

play

 

အစောပိုင်းက ဂျက်ဆီကာရဲ့ ကျန်းမာရေး အခြေအနေကို မန်ဒီနဲ့ဘော့ဘ်တို့က သာမန် ဖျားနာမှုလို့သာ ထင်ခဲ့ကြတာပါ။ ဂျက်ဆီကာလေးဟာ သွေးကင်ဆာရောဂါကို တိုက်ဖျက်ဖို့အတွက် ပြင်းထန်တဲ့ ဓာတုကုထုံးနဲ့ ကုသမှု ခံယူခဲ့ရပါတယ်။ ဒီလို ကုသမှု ခံယူရတာကြောင့် သူမရဲ့ ဆံပင်တွေအားလုံး ကျွတ်ကုန်ခဲ့ပါတယ်။

play

 

ဂျက်ဆီကာဟာ သွေးကင်ဆာရောဂါ ကုသမှုခံယူနေတဲ့ ကာလအတွင်း ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးတွေနဲ့ မိသားစုတွေကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အခုတော့ ဂျက်ဆီကာရဲ့ ကင်ဆာရောဂါ ကုသမှုဟာ အဆင်ပြေ အောင်မြင်ခဲ့ပြီး အခုအချိန်မှာ အပြီးသတ် ကုသမှုအဆင့်ကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

play

ဒါကြောင့်လည်း ဒီနှစ် ခရစ္စမတ်ရက်မှာတော့ ဂျက်ဆီကာလေး တစ်ယောက် သူမ မျှော်လင့်ခဲ့တဲ့အတိုင်း မိသားစုနဲ့အတူ နေအိမ်မှာ ခရစ္စမတ်ပွဲ ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။ ဂျက်ဆီကာလေးကို နေအိမ်ပြန်ခွင့် ပေးလိုက်ပေမယ့် သူမရဲ့ ကိုယ်အပူချိန်ကို တစ်နေ့ ၂ ကြိမ် ပုံမှန် တိုင်းတာပြီး အခြေအနေ စောင့်ကြည့်ဖို့ ဆရာဝန်တွေက မှာကြားလိုက်ပါတယ်။

မနှစ်က ခရစ္စမတ်မှာ ဂျက်ဆီကာကို ဆရာဝန်တွေက အိမ်ပြန်ခွင့်ပြုခဲ့သေးပေမယ့် ခရစ္စမတ်နေ့ မတိုင်မီ ၂ ရက်အလိုမှာ ဆေးရုံပြန်တက်ခဲ့ရတာ ဖြစ်ပါတယ်။
Source & Photo: Metro, Lancaster Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD