AD
AD
AD
play

 

ဗဟိုဘဏ်ရဲ့ ဒေါ်လာလဲလှယ်နှုန်းဟာ  ဆက်တိုက်မြင့်တက်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့မှစကာ  ဗဟိုဘဏ်ရဲ့ငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ၁၃၀၀ အထက်ကို ရောက်ရှိလာတာ ဖြစ်ပြီး ခရစ္စမတ်နဲ့ New Year မှာ နိုင်ငံခြား အပျော်ခရီးထွက်သူတွေနဲ့ ကားဖိုးငွေသွင်းသူတွေ ရှိနေတာကြောင့်လည်း ဒေါ်လာဈေးဟာ ဆက်တိုက် မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်မှာတော့ ဗဟိုဘဏ်ဟာ တစ်ဒေါ်လာကို ၁၃၁၁ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ပြီး ဒေါ်လာတန်ဖိုး မတက်ခင်ကတည်းက မြန်မာကျပ်ငွေတန်ဖိုးဟာ ကျဆင်းနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Sources: The Voice
Photos Sources: Myanmar Business News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD