AD
AD
AD
play

 

ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ ပုံတူ ဂရပ်ဖစ်တီကို ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီဝန်းကျင်မှာ ချမ်းအေးသာစံမြို့နယ် ၃၅ လမ်း ၆၈ လမ်းနဲ့ ၆၉လမ်းကြားရှိ နဝရတ်ရိပ်သာ လမ်းကြား နံရံမှာ ရေးဆွဲခဲ့တာပါ။

play

 

ဂရပ်ဖစ်တီပုံတူနဲ့အတူ "ကျွန်တော်တို့ တရားမျှတမှုကိုလိုလားတယ်" အဓိပ္ပါယ်ရ စာသားကို ရေးသားပြီး တောင်းဆိုခဲ့ကြပါတယ်။ လူငယ်ဂရပ်ဖစ်တီ ဝါသနာရှင်များရဲ့ လက်ရာကို ည ၁၁ နာရီအထိ လာရောက်ကြည့်ရှုသူများ ရှိခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ နဲ့ ဟန်နာဝစ်သာရစ်ခ်ျ တို့ဟာ ၂၀၁၄  စက်တင်ဘာ ၁၄ ရက်နေ့ ညဥ့်သန်းခေါင်မှာ ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် သတ်ခံခဲ့ရတာဖြစ်ပြီး အဆိုပါအမှုအတွက် မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဇော်ဝင်းထွန်းတို့ကို သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

play

 

Source: 7Day Daily
Photo: ဖြိုးဇော်ဇော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD