play

 

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၇) နှစ်မြောက် အထိမ်းအမှတ် ဈာပန အခမ်းအနားဓာတ်ပုံပြပွဲကို ဒေါ်ခင်ကြည်၏ ဇာတိဖြစ်သော မြောင်းမြမြို့တွင် ၂၀၁၅ခုနှစ် ၊ ဒီဇင်ဘာလ (၂၅) မှ (၂၇) ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း မြောင်းမြမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမ၌ ပြသနေသည်။

play

 

ဒေါ်ခင်ကြည်၏ ဈာပနအခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင် ရှိခိုးဂါရဝပြုနေသော ဓာတ်ပုံအပါအဝင် အခြားမှတ်တမ်းဓာတ်ပုံများကို ဒေါ်ခင်ကြည်၏ ဈာပနအခမ်းအနားကို မြန်မာ့အလင်း၊ ဟံသာဝတီဓာတ်ပုံသတင်းထောက် အာရှဦးကျော့၏ မြေး ကိုတေဇ (အာရှ) က အသက် (၁၇)နှစ်အရွယ်တွင် ရိုက်ကူးခဲ့ပြီး ယင်းဓာတ်ပုံများပြသမည်ဖြစ်ကာ ပြပွဲတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဓာတ်ပုံ (၁၀၀) ခန့်ကို အဖြူအမည်းဓာတ်ပုံများအဖြစ် ပြသနေသည့်အပြင် ရောင်းချရငွေများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

play

 

ဒေါ်ခင်ကြည်သည် ၁၉၁၂ ခုနှစ် ၊ ဧပြီလ (၁၆) ရက်တွင် မွေးဖွားပြီး ၁၉၈၈ ခုနှစ် ၊ ဒီဇင်ဘာလ (၂၇) ရက်၌ ကွယ်လွန်ခဲ့ ခြင်းဖြစ်ကာ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတာဝန်ဖြင့် မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ဈာပန အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်းရှိ (ယခု ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့်) နေအိမ်တွင် ၁၉၈၈ ခုနှစ် ၊ ဒီဇင်ဘာလ (၂၇) ရက်နေ့မှ ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ (၂) ရက်အထိ (၇)ရက်ဆက်တိုက်ကျင်းပခဲ့သည်။ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အုတ်ဂူနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်တို့၏ အုတ်ဂူကြားတွင် ဒေါ်ခင်ကြည်၏ အုတ်ဂူရှိကြောင်း သိရသည်။


Source: 7 Day Daily

Photo: versatilepot, aungsan, telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video