AD
AD
AD
play

 

မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးက သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ အဆိုပါသတိပေးချက်မှာ လုံခြုံရေးနဲ့ ပက်သက်ပြီး အထူးသတိထားကြဖို့ နှိုးဆော်ထားတယ်လို့ Bangkok Post သတင်းစာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်တွင်း အများပြည်သူဆိုင်နေရာတွေမှာ မိမိကိုယ်ကို ထိုင်းနိုင်ငံသားအဖြစ် ပြသတဲ့ အပြုအမူမျိုးကိုလည်း ရှောင်ကြဖို့ ထိုင်းသံရုံးက သတိပေးထားပါတယ်။

မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချခံရမှုနဲ့ပက်သက်ပြီး မြန်မာနိုင်ငံသားတွေဟာ ထိုင်သံရုံးရှေ့မှာ စုဝေးကြမယ်လို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြောကြားနေကြကြောင်းလည်း အဆိုပါ ကြေညာချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်းက ထိုင်းနိုင်ငံသားတွေဟာ သံရုံးက နောက်ထပ်ထုတ်ပြန်မယ့် သတိပေးချက်တွေကို စောင့်ကြည့်ကြဖို့လည်း ကြေညာထားပါတယ်။

Sources: Bangkok Post
Photos Sources: EPA,The Nation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
More From

News


AD