AD
AD
AD
play

 

မန္တလေးခရိုင်အတွင်း ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၄) ရက်နေ့မှ (၂ဝ) ရက်နေ့အထိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စည်းကမ်းပျက်ကွက်သည့် ယာဉ်များကို အသစ်ပြဋ္ဌာန်းခဲ့သည့် ၂၀၁၅ မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူခဲ့ရာ တစ်ပတ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းပျက်ကွက်သည့် ကား၊ ဆိုင်ကယ်အစီးရေ (၄၈၀) ကို အရေးယူနိုင်ခဲ့သည်။

play

 

မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အသက်သေဆုံးမှုများမဖြစ်ပွားစေရန် စာသင်ကျောင်း၊ ကားဂိတ်၊ အနှေးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို အဓိကထား၍ ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိကာ ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ အရေးယူခံရသူများကို ဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်လျက်ရှိကြောင်းနှင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ၂၀၁၅ မော်တော်ယာဉ်ဥပဒေတွင် ဒဏ်ငွေကျပ် ၃၀,၀၀၀ မှ ကျပ် ၅၀,၀၀၀ အထိဖြစ်ပြီး ထောင်ဒဏ် (၁)လမှ (၆)လအထိဖြစ်စေ၊  ဒဏ် (၂)ရပ်စလုံးကိုဖြစ်စေ ကျခံရမည်ဖြစ်သည်။

ှSource: 7 Day Daily

Photo: lashworldtour, flickr

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD