AD
AD
AD
play

 

နိုင်ဂျီးရီးယားနိုင်ငံမှာ ဓာတ်ငွေ့သယ်ဆောင်လာတဲ့ ထရပ်ကားတစ်စီး ပေါက်ကွဲပြီး လူ ၁၀၀ ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ Nnewi မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခရစ္စမတ်ရာသီအတွက် ချက်ပြုတ်ဖို့သိုလှောင်ထားတဲ့ ဓာတ်ငွေ့အိုးတွေကို ဓာတ်ငွေ့ဖြည့်ရာကတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ မီးသတ်ဝန်ထမ်းများ မီးငြှိမ်းသတ်တဲ့အခါမှာ လူသေလောင်းတွေ ၁၀၀ ထက်မနည်း တွေ့ရတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကို အဲ့ဒီမြို့မှာရှိတဲ့ Nnamdi Azikiwe သင်ကြားရေးနဲ့ကုသရေး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Source : NY Times

Photo : Todayng

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD