play
သီလ၀ါဆိပ်ကမ်းသို့ရောက်ရှိလာသည့်ကားများ

 

လာမယ့် ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးမှ အခွန်ငွေ ကျပ်ဘီလီယံ ခြောက်ထောင်ကျော် ကောက်ခံသွားရန် လျာထားပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကောက်ခံရန် သတ်မှတ်ထားခဲ့တဲ့ ပမာဏထက် ကျပ်ဘီလီယံ ၂၇၀ ပိုမို ကောက်ခံမယ်လို့ ၂၀၁၆ ပြည်ထောင်စု အခွန်အကောက် ဥပေဒကြမ်းမှာ ပြဋ္ဌာန်းထားပါတယ်။

play

 

ယခု ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရန် ငွေကျပ် ၅,၉၄၈ ဘီလီယံ လျာထားခဲ့ပြီး ၂၀၁၆-၁၇ အတွက် ကျပ် ၆,၂၁၈ ဘီလီယံ လျာထားကြောင်း ဥပဒေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုနဲ့ ပြည်တွင်းသုံးစွဲမှုအပေါ် အခွန် ကျပ်ဘီလီယံ ၂,၄၀၀ ကျော်ကောက်ခံရန် လျာထားပြီး ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကျပ်ဘီလီယံ ၂,၃၀၀ ကျော် ကောက်ခံရန် လျာထားကြောင်း ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်းမှာ သတ်မှတ် ပြဋ္ဌာန်းထားပါတယ်။

play

 

ပြည်ပမှ တင်သွင်းတဲ့ ပစ္စည်းတွေအပေါ် အခွန်ကျပ် ၄၇၀ ဘီလီယံ ကောက်ခံသွားရန် လျာထားကြောင်းလည်း ဒီ ဥပဒေကြမ်းမှာ ပြဋ္ဌာန်းထားပါတယ်။ ၂၀၁၆-၁၇ အခွန်အကောက် ဥပဒေကြမ်းတွင် စီးကရက်နဲ့ အရက်ရောင်းရငွေပေါ်မှာ ကောက်ခံတဲ့ ကုန်သွယ် လုပ်ငန်းခွန်မှလွဲပြီး ကျန်ကုန်စည်များပေါ်မှာ ကောက်ခံတဲ့ အခွန်နှုန်းထားတွေကတော့ ၂၀၁၅-၁၆ မှာ ကောက်ခံခဲ့တဲ့ နှုန်းထားများအတိုင်း ပြောင်းလဲခြင်း မရှိဘူးလို့ ဆိုပါတယ်။

play

 

၂၀၁၅-၁၆ ဘဏ္ဍာနှစ် အခွန်လျာထားချက်ဖြစ်တဲ့ ကျပ် ၅,၉၄၈ ဘီလီယံအတွက် ဘဏ္ဍာနှစ်ရဲ့ ပထမနှစ်ဝက် (၂၀၁၅ ဧပြီမှ စက်တင်ဘာအထိ) မှာ အခွန် ကျပ် ၂,၃၇၅ ဘီလီယံ ရရှိထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄-၁၅  ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးမှာတော့ အခွန်ကျပ်ဘီလီယံ ၄,၄၀၀ ကျော်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်လုံးရောင်းရငွေ ကျပ် သိန်း ၂၀၀ ထက် မပိုတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရှိကြောင်း ဥပဒေကြမ်းမှာ  ပြဋ္ဌာန်းထားပါတယ်။

ကုန်ပစ္စည်း အမျိုးအစားအလိုက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမှုနှုန်းထားများ
၁။ကျွန်း၊ သစ်မာသစ်လုံးနှင့် အခြေခံအဆင့် ခွဲစိတ်ထားသည့်သစ်ခွဲသားများ (၂၅ ရာခိုင်နှုန်း)
၂။ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန်ကျောက်မျက်အရိုင်းထည်များ(၁၅ ရာခိုင်နှုန်း)
၃။ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန်ကျောက်ကျောက်မျက်ရတနာအချောထည်များ(၅ ရာခိုင်နှုန်း)
၎။အင်ဂျင်ပါဝါ ၁၈၀၀ စီစီနှင့်အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်စ်ဂွန် (၂၅ ရာခိုင်နှုန်း)
၅။ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ဂျက်လေယာဉ်ဆီရောင်းရငွေ (၁၀ ရာခိုင်နှုန်း)
၆။သဘာဝဓာတ်ငွေ့ရောင်းရငွေ (၈ ရာခိုင်နှုန်း)

Source: 7Day Daily
Photo: MMBizToday, ThaiBizMyanmar, ဂျေမောင်မောင် (အမရပူရ)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video