AD
AD
AD
play

 

မြန်မာနဲ့ တရုတ် နိုင်ငံသားများ အပါအဝင် နိုင်ငံတကာမှ ပတ်စ်ပို့၊ ဗီဇာဖြင့် လာရောက် လည်ပတ်ကြသူတွေပါ ဝင်ထွက် သွားလာနိုင်မယ့် နယ်စပ် ဂိတ်ပေါက်သစ်ကို မူဆယ်မြို့နဲ့ တရုတ်နိုင်ငံ ကြယ်ခေါင်မြို့အကြား ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

နယ်စပ်ဂိတ်ပေါက်သစ် ဖွင့်လှစ်နိုင်ရေးမှာ နှစ်နိုင်ငံ နယ်နိမိတ်အငြင်းပွားမှုကြောင့် အချိန်ကြန့်ကြာနေတယ်လို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဆိုပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ်အငြင်းပွားမှု ပြဿနာ ဖြေရှင်းပြီးချိန်မှ နယ်စပ်ဂိတ်သစ် ဖွင့်လှစ်ပါက အချိန်ကြန့်ကြာတာကြောင့် မြန်မာအစိုးရအနေနဲ့ တရုတ်ဗဟိုအစိုးရ၊ ဒေသအစိုးရများနဲ့ ညှိနှိုင်းကာ အခြားနည်းလမ်းဖြင့် နယ်စပ်ဂိတ်သစ် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။

လက်ရှိမှာ မူဆယ်မြို့နဲ့ တရုတ်နိုင်ငံ ကြယ်ခေါင်၊ ရွှေလီမြို့ကြားတွင် နယ်စပ်ဂိတ်များအဖြစ် နန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ်နဲ့ ဆင်ဖြူဂိတ်တို့ကို ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ ဒီ ဂိတ်ပေါက်တွေမှတစ်ဆင့် တရုတ်၊ မြန်မာ နှစ်နိုင်ငံမှ ကုန်တင်ယာဉ်များကိုသာ ဖြတ်သန်းသွားလာ ခွင့်ပြုထားပါတယ်။ တရုတ်နိုင်ငံသားများကို မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်အထိ၊ မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီမြို့အထိ ဝင်ထွက် သွားလာခွင့်ပြုထားကြောင်း သိရပါတယ်။

Source: 7Day Daily
Photo: မောင်တာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD