AD
AD
AD
play
ရွှေတိဂုံစေတီတော်မှာ သေဒဏ်ကျခံ မြန်မာ လူငယ်နှစ်ဦးအတွက် ဆုတောင်းမေတ္တာပို့သမှု။

 

ရန်ကုန်မြို့မှာ ထိုင်းသံရုံးရှေ့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီးနောက် ရွှေတိဂုံစေတီတော်သို့ သွားရောက်ပြီး မြန်မာလူငယ်နှစ်ဦး သေဒဏ်မှ လွတ်မြောက်ရန် ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။

play
သေဒဏ်ကျခံ မြန်မာလူငယ်နှစ်ဦးအတွက် ရွှေတိဂုံစေတီတော်မှာ ဆုတောင်းမေတ္တာပို့သခဲ့မှု။

 

ထို့အတူ မြဝတီမြို့မှာလည်း ချစ်ကြည်ရေးတံတား မြန်မာနိုင်ငံဘက်ခြမ်းမှာ ဒေသခံတွေက မြန်မာလူငယ်နှစ်ဦးအတွက် တရားမျှတစွာ ဆောင်ရွက်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်းမှာ ပြုလုပ်ခဲ့တဲ့ မြဝတီမြို့က ဆန္ဒထုတ်ဖော်မှုကို ဒေသခံ ၂၀ ကျော် ပါဝင်ခဲ့ပါတယ်။

play
မြန်မာလူငယ်နှစ်ဦးအတွက် မန္တလေးမြို့မှ လမ်းလျှောက်ဆုတောင်းပွဲ။

 

မန္တလေးမြို့မှာလည်း မြန်မာလူငယ်နှစ်ဦး သေဒဏ် ချမှတ်ခံရမှုအတွက် နန်းမြို့ကျုံးဘေး ဆုတောင်းလမ်းလျှောက်ပွဲကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနဲ သံဃာတော်များက ယနေ့ ညနေ ၆ နာရီခွဲမှာ ပြုလုပ်ခဲ့ကြပါတယ်။

play
မြန်မာလူငယ်နှစ်ဦးအတွက် တရားမျှတစွာ ဆောင်ရွက်ရေး မြဝတီမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့စဉ်။


Source: 7Day Daily
Photo: ကျော်ဇင်သန်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ မောင်တာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD