play

 

ယနေ့ (ဒီဇင်ဘာ ၂၅) ရက် ညက ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ က.ည.န လိုင်စင်ရုံးအနီးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ည ၇ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် တိုးချဲ့စက်မှုဇုန်ရှိ မြဝတီမင်းကြီးလမ်းမှ ရွှေနဂါး ဖိုင်ဘာရေတိုင်ကီစက်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး မီးသတ်ယာဉ် ၄၀ ကျော်ဖြင့် ည ၈ နာရီ ၄၀မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။

play

 

မီးလောင်မှုကြောင့် ကုန်ကြမ်းဂိုဒေါင် လေးလုံး ဆုံးရှုံးသွားခဲ့ရသည်။ မီးလောင်မှုအဆင့် Level 3 အဖြစ် မီးသတ်ဦးစီးဌာနက သတ်မှတ်ခဲ့သည်ဟု သိရသည်။

Source & Photo : မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video