AD
AD
AD
play
ရေမဆေးကျောက် ရှာနေကြသူများ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ကံခါးရွာက ကျောက်တူးဖော်ရေးလုပ်ကွက်မှာ စွန့်ပစ်မြေစာပုံ ထပ်ပြိုလို့ လူ ၅၀ မှ ၁၀၀ ကြား ပျောက်ဆုံးနေတယ်လို့ သတင်းရပါတယ်။

ဒီနေ့ (ဒီဇင်ဘာ ၂၅) ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေမဆေးကျောက် ရှာနေသူတွေပေါ်ကို ပိကျခဲ့တာပါ။ မြေစာပုံ ပြိုကျခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ မြေစာပုံအနီးက အခြားမြေစာပုံတစ်ခု ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့က မြေစာပုံပြိုကျတာကို အတည်ပြုပေးပြီး အသေးစိတ်ကိုတော့ မပြောသေးပါဘူး။ အခင်းဖြစ်ပွားရာ နေရာကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရောက်လာပေမဲ့လည်း ဘာမှ မလုပ်နိုင်သေးဘဲ မနက်မိုးလင်းမှ ရှာဖွေမှုတွေ စတင်ပြုလုပ်နိုင်မှာလို့လည်း သိရပါတယ်။

Source : 7Day

Photo : Stuff

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD