AD
AD
AD
play

 

သမ္မတအာဒိုဂန်က သူ့ရဲ့ ယာဉ်တန်းဖြင့် သောကြာနေ့ ဝတ်ပြုဖို့အသွား ဘော့စ်ဖိုရပ်စ် တံတားကို ဖြတ်သန်းစဉ်မှာ ၂၁၁ ပေမြင့်တဲ့ တံတားရဲ့ လက်ရန်းကနေ ခုန်ချဖို့ ပြင်နေတဲ့သူကို တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

play

 

သမ္မတရဲ့ လုံခြုံရေး အရာရှိတွေက အဆိုပါ အမျိုးသားထံကို အလျင်အမြန် သွားရောက်ပြီး ခုန်မချဖို့ ဖျောင်းဖြ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတ်သေဖို့ ပြင်ဆင်နေသူက လက်မခံခဲ့ပါဘူး။

play

 

နောက်ဆုံးမှာတော့ ကားထဲမှာ သမ္မတ အာဒိုဂန် ရှိနေကြောင်း လုံခြုံရေး အရာရှိတွေက ပြောပြပြီး သမ္မတ အာဒိုဂန်ကို မြင်တွေ့သွားစေပါတယ်။

play

 

သမ္မတကို မြင်သွားတော့မှ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိးပမ်းနေသူဟာ တံတားလက်ရန်းကနေ တံတားပေါ် ပြန်တက်လာပြီး သမ္မတ အာဒိုဂန်ကို လာရောက် နှုတ်ဆက်ပါတယ်။

play

 

ငိုကြွေးနေတဲ့ အဆိုပါ အမျိုးသားကို သမ္မတရဲ့ လုံခြုံရေး အရာရှိတွေက သမ္မတထံ ခေါ်ဆောင်လာပါတယ်။ ထိုသူက သမ္မတနဲ့ စကားပြောခဲ့ပြီး သမ္မတရဲ့ လက်ကို နမ်းပြီး နှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။  တံတားပေါ်က ခုန်ချသတ်သေဖို့ ကြိုးပမ်းတဲ့သူရဲ့ အမည်နဲ့ အသေးစိတ်ကို မသိရပါဘူး။

Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD