AD
AD
AD
play

 

ပြည်တွင်း ဂဏန်းရရှိမှု နည်းပါးလာတာကြောင့် ဂဏန်းဈေးနှုန်းတွေဟာ မြင့်တက်နေတယ်လို့ သိရပါတယ်။

တရုတ်နှစ်သစ်ကူး နီးလာတာကြောင့် တရုတ်နိုင်ငံဘက်ကလည်း ဂဏန်း ဝယ်လိုအားများနေပေမဲ့ ပြည်တွင်းဂဏန်းထုတ်လုပ်မှုနဲ့ ဂဏန်းရရှိမှုက နည်းပါးလာတာဖြစ်ပါတယ်။

တစ်ကီလို ခြောက်ကောင်ရှိတဲ့ ဂဏန်းတွေကို ကျပ် ၆၀၀၀ ပေးဝယ်ခဲ့ရာကနေ ၇၀၀၀ ထိရှိလာပြီး တစ်ကီလိုလေးကောင် အရွယ်က ၈၀၀၀ ရှိပြီး သုံးကောင်အရွယ်က ၉၀၀၀ ရှိပါတယ်။

တရုတ်နှစ်သစ်ကူးရှိတဲ့ ဖေဖော်ဝါရီလထဲမှာ ဂဏန်းဈေးထပ်တက်နိုင်တယ်လို့လည်း သိရပါတယ်။

Sources: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD