play

 

ဗစ်တိုးရီးယားပြည်နယ် အနောက်တောင်ဘက်ရှိ ဂရိတ်အိုးရှင်း လမ်းမကြီးတစ်လျှောက် တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရာနဲ့ချီတဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေက မီးကို ငြှိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။

play

 

ရာသီဥတု အေးမြမှုနဲ့ မိုးရွာသွန်းမှုက တောမီးလောင်ကျွမ်းမှု ဆိုးရွားနိုင်မှုကို အတန်အသင့် သက်သာစေခဲ့ပေမယ့် အရေးပေါ် သတိပေးချက်တွေကိုတော့ ထုတ်ပြန်ထားရဆဲ ဖြစ်ပါတယ်။

play

 

သေဆုံးဒဏ်ရာရရှိမှု သတင်းတွေ မကြားရဘူးလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက ဒေသခံ ၁,၆၀၀ နဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ တောမီးငြှိမ်းသတ်မှုကို မီးသတ်တပ်ဖွဲ့ဝင် ၃၀၀၊ မီးသတ်ကား ၆၀ နဲ့ မီးသတ်လေယာဉ် ၁၈ စင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်။

play

 

ယခု တောမီးက မြေဧရိယာ ၅,၄၃၇ ဧကမှာ လောင်ကျွမ်းခဲ့တယ်လို့ သြစတြေးလျ တာဝန်ရှိသူတွေက ပြောပါတယ်။ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ဟာ ကမ္ဘာပေါ်မှာ တောမီးလောင်ကျွမ်းမှု အများဆုံး ဖြစ်ပွားတဲ့ နေရာဒေသတစ်ခု ဖြစ်ပါတယ်။

play

 

မိုးကြိုးပစ်မှုနဲ့ ဆေးလိပ်တိုများ မဆင်မခြင် စွန့်ပစ်မှုတွေကြောင့် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၀၉ ခုနှစ်က ဗစ်တိုးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ တာမီးလောင်ကျွမ်းမှုအတွင်း လူ ၁၇ ဦး သေဆုံးခဲ့ပြီး သြစတြေးလျမှာ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Source & Photo: AFP, BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video