AD
AD
AD
play
လန်ဒန်မြို့ ကောင်းကင်ယံမှာ တွေ့ရတဲ့ လမင်းကြီး

 

Full Cold Moon လို့ ခေါ်ကြတဲ့ လပြည့်မှုကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နတ်တော်လပြည့်အဖြစ် ယနေ့ည (ဒီဇင်ဘာ ၂၆ ရက်) မြင်တွေ့ကြရမှာပါ။

play
ကနေဒါနိုင်ငံ အော့တ်တဝါမြို့ ကောင်းကင်ယံမှ လမင်း

play
လော့စ်အိန်ဂျလိစ် နိုင်ငံတကာလေဆိပ် ကောင်းကင်ယံမှာ တွေ့ရတဲ့ လမင်းနဲ့ လေယာဉ်တစ်စင်း

 

ယနေ့ည မြင်တွေ့ရမယ့် လမင်းကြီးက ခရစ်သက္ကရာဇ်ရဲ့ တစ်နှစ်တာအတွင်း နောက်ဆုံးအကြိမ် လပြည့်မှုအဖြစ် ခရစ္စမတ်ကာလနဲ့ တိုက်ဆိုက်စွာ မြင်တွေ့ရတာဖြစ်ပါတယ်။

play
စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်မြို့ ကောင်းကင်ယံမှာ တွေရတဲ့ လမင်း

play
စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်မြို့ ကောင်းကင်ယံမှာ တွေ့ရတဲ့ လမင်း

 

ဒီလို နောက်တစ်ကြိမ် တိုက်ဆိုင် မြင်တွေ့ဖို့အတွက် ၂၀၃၄ ခုနှစ်အထိ နောက်ထပ် ၁၉ နှစ်ကြာ စောင့်ဆိုင်းရမှာပါ။

play
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ကောင်းကင်ယံမှ လမင်းကြီးရဲ့ ပုံရိပ်

 

ယခုနှစ်မှာ ကြုံတွေ့ရသလို တစ်နှစ်အတွင်း နောက်ဆုံးအကြိမ် လပြည့်မှုနဲ့ ခရစ္စမတ်နေ့ တိုက်ဆိုင်မှုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၈ နှစ်အကြာ ၁၉၇၇ ခုနှစ်တုန်းကသာ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

play
ဘီလာရုစ် ကောင်းကင်ယံမှာ မြင်တွေ့ရတဲ့ လမင်းကြီးကို မှတ်တမ်းတင်ထားပုံ

 

အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အမေရိကမှာမြင်တွေ့ရတဲ့ ရှားပါးထူးခြားတဲ့ လပြည့်မှု ပုံရိပ်တွေကို ဖော်ပြထားပါတယ်။

play
တူရကီနိုင်ငံ မြို့တော်အန်ကာရာ ကောင်းကင်ယံမှ လမင်း

play
အမေရိကန်ပြည်ထောင်စု ကန်းဆက်ပြည်နယ်မှ တွေ့ရတဲ့ လမင်း

play
လန်ဒန်ကောင်းကင်ယံမှ လမင်းကို ခရစ္စမတ်သစ်ပင်နဲ့အတူ တွေ့ရစဉ်

play
လန်ဒန်ကောင်းကင်ယံမှ လမင်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD