AD
AD
AD
play

 

ခရစ္စမတ်ကာလမို့ ရာသီဥတုကတော့ အေးနေမှာပါပဲ။ လူတွေ အနွေးထည်ကိုယ်စီဝတ်နေချိန်မှာ ချမ်းနေရှာတဲ့ တိရစ္ဆာန်လေးတွေအတွက် အမျိုးသမီးတစ်ဦးက ကြံကြံဖန်ဖန်လေး အနွေးဓာတ်ပေးထားပါတယ်။

သူမက အသက် ၂၅ နှစ် အရွယ် နစ်ကိုလာ ဆိုတဲ့ အမျိုးသမီးပါ။ အင်္ဂလန်နိုင်ငံ ဖောလ်မောက်မှာ နေထိုင်သူ ဖြစ်ပါတယ်။ သူမ မွေးမြူထားတဲ့ ကြက်တွေကို နွေးထွေးအောင် ဆွယ်တာလေးတွေ ဝတ်ဆင်ပေးထားတာပါ။ အဲ့ဒီ ဆွယ်တာတွေကိုလည်း လွန်ခဲ့တဲ့ ၆လကတည်းက သူမကိုယ်တိုင် ထိုးထားခဲ့တယ်လို့ သိရပါတယ်။

play

 

ခုတော့ နစ်ကိုလာနဲ့ သူမရဲ့ မိခင်က အခြား ကြက်မွေးမြူသူတွေဆီက အော်ဒါတွေလည်း လက်ခံရရှိထားပါတယ်။ အထည်တွေ လက်ခံထားပေမယ့် ရလာတဲ့ အမြတ်တွေကိုတော့ တောင်အာဖရိကမှာရှိတဲ့ AIDS ကူးစက်ခံထားရတဲ့ မိဘမဲ့ ကလေးတွေကို လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

Source & Photo : Marshable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD