AD
AD
AD
play

 

လိပ်ကျွန်းလူသတ်မှုမှာ သံသယတရားခံမြန်မာလူငယ်နှစ်ဦးကို သေမိန့်ချလိုက်တဲ့အပေါ် လက်ခံကြောင်း မြန်မာသံအမတ်ကြီးကပြောလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြလိုက်ပါတယ်။ တရားရုံးက အမိန့်ဟာ တရားမျှတမှု မရှိဘူးဆိုပြီး ဆန္ဒပြနေချိန်မှာ မြန်မာသံအမတ်ဦးဝင်းမောင်က ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအမှုမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကလည်း မြန်မာနဲ့ထိုင်းရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း သံအမတ်ဦးဝင်းမောင်က ပြောတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။ အစိုးရ အိမ်တော်မှာ တွေ့ဆုံစဉ် မြန်မာသံအမတ်က အခုလို ပြောခဲ့တာပါ။

play

 

ရန်ကုန်မြို့မှာတော့ မြန်မာလူငယ်နှစ်ဦးအတွက် ဆုတောင်းပွဲတွေလည်း လုပ်နေပြီး ထိုင်းနိုင်ငံသံရုံးရှေ့မှာလည်း ဆန္ဒပြတာတွေ လုပ်နေဆဲပါ။ ရေဘေးပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ဘတ်လေးသိန်းသုံးသောင်းကျော် ထိုင်းအစိုးရဆီက သွားရောက်လက်ခံရယူချိန်မှာ ဒီလို ပြောခဲ့တာဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။

Source : bangkok post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD