AD
AD
AD
play

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသတွင်းရှိ မြစ်ရေလျှံတက်ခဲ့ပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ပါရာဂွေးနိုင်ငံ မြို့တော်အတွင်း ဖြတ်သန်းစီးဆင်တဲ့ အော့စ်ဆွန်စီယွန် မြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ဖို့ တစ်ပေခန့်သာ လိုတော့ပြီး မြစ်ရဲ့ ပတ်ဝန်းကျင် ဒေတွေမှာ ရေကြီးမှု ဖြစ်စေပါတယ်။

play

 

လေပြင်းတိုက်မှုတွေကြောင့် ပါရာဂွေးမှာ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သစ်ပင်များ ပြိုလဲမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

play

 

အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းမှာလည်း လူ ၂၀,၀၀၀ ခန့်ကို နေအိမ်များမှ ရေကြီးမှု လွတ်ကင်းရာကို ပြောင်းရွှေ့ ပေးခဲ့ရပါတယ်။ အာဂျင်တီးနားမှာ ရေကြီးမှုအတွင်း အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

play

 

အလားတူ ဘရာဇီးလ်နိုင်ငံ တောင်ပိုင်းရှိ ရီယိုဂရန်ဒီယို ပြည်နယ်မှာလည်း မိသားစု ၁,၈၀၀ နီးပါးကို ရေဘေးလွတ်ရာသို့ ပြောင်းရွေ့စေခဲ့ပါတယ်။ ရေကြီးမှု ဖြစ်ပွားရာ ဒေသတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကတည်းက မိုးရွာသွန်းနေခဲ့တာ ဖြစ်ပါတယ်။

play


Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD