AD
AD
AD
play

 

အသက် ၃၈ နှစ်အရွယ် မိုရန်နိုဟာ ကိုယ်အလေးချိန် ပေါင် ၉၈၀ ဖြင့် ကမ္ဘာ့အဝဆုံး အမျိုးသားအဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။

play

 

မိုရန်နိုဟာ ခရစ္စမတ်နေ့ နံနက်ပိုင်းမှာ နှလုံးရောဂါ ဖောက်လာတာကြောင့် ဆေးရုံကို ပို့ဆောင်စဉ် ကွယ်လွန်သွားခဲ့ပါတယ်။ ကမ္ဘာ့အဝဆုံး အမျိုးသား မိုရန်နိုဟာ မကြာသေးမီက ကိုယ်အလေးချိန် လျော့ကျရေးအတွက်က ခွဲစိတ်ကုသမှု ခံယူခဲ့ပါသေးတယ်။

play

 

ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းဖြင့် ၂၆၆ ပေါင် လျော့ကျသွားစေခဲ့ပြီးနောက် မိုရန်နိုက နောက်ထပ် ၁၇၅ ပေါင် ထပ်မံ လျော့ကျစေဖို့ မျှော်လင့်ချက်နဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။

play

 

ခွဲစိတ်ကုသပြီး ကိုယ်အလေးချိန် လျှော့ချနိုင်ပြီးရင် ဘဝလက်တွဲဖော် ဇနီးသည်တစ်ယောက် ရှာနိုင်လိမ့်မယ်လို့လည်း သူက မျှော်လင့်ခဲ့တာပါ။

play

 

မိုရန်နိုဟာ ကွယ်လွန်ချိန်မှာ ကိုယ်အလေးချိန် ပေါင် ၇၀၀ ရှိခဲ့ပါတယ်။ မိုရန်နို မကွယ်လွန်မီ တစ်လက ဘောလုံးစတား ခရစ္စတီယာနို ရော်နယ်ဒိုက သူ လက်မှတ်ရေးထိုးထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်း အင်္ကျီတစ်ထည် လက်ဆောင်ပို့ပေးခဲ့ပါတယ်။

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD