play

 

သေဒဏ်ကျခံရတဲ့ မြန်မာလူငယ်နှစ်ဦးအရေးနဲ့ပက်သက်ပြီး မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ထိုင်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုဟာ မြန်မာနိုင်ငံကိုလာရောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မကြာမီရက်အတွင်း လာရောက်ဖို့ ရှိပြီး သမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယက ဦးသူရရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆွေးနွေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ချာဗာလစ်ယောင်ချိုင်ယုဟာ မြန်မာ့အရေးကိစ္စတွေမှာကူညီပေးဖူးသူဖြစ်သလို ထိုင်းဘုရင်ရဲ့ အကြံပေးကောင်စီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

သေဒဏ်ပေးခံရတဲ့ မြန်မာနှစ်ဦးနဲ့ပက်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့အပါအဝင်  မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

Sources : DVB
Photos Sources: Voice TV 12

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video