play

 

လိဒ်စ်နဲ့ ရိုခ်ျဒေးလ် အပါအဝင် ဗြိတိန်မှ မြို့ကြီး မြို့ငယ်တွေမှာ မြစ်ရေလျှံတက်မှုများကြောင့် ၆ ပေခန့်အထိ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပါတယ်။

play

 

ဂရိတ်မန်ချက်စတာမှာ သက်တမ်း နှစ်ပေါင်း ၂၀၀ ရှိတဲ့ မြစ်ကမ်းဘေး ဘားဆိုင်တစ်ခုဟာ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပါတယ်။

play

 

မန်ချက်စတာနဲ့ လိဒ်စ် အပါအဝင် ဗြိတိန်မြောက်ပိုင်း ဒေသအများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုက အမြင့် ၆ ပေအထိ ရှိပါတယ်။

play

 

ဒီ ဒေသတွေမှာ ၂၄ နာရီအတွင်း ရွာသွန်းခဲ့တဲ့ မိုးရေချိန် ပုံမှန်ကာလမှာ တစ်လအတွင်း ရွာသွန်းခဲ့တဲ့ မိုးရေချိန်နဲ့ တူညီနေခဲ့တာ ဖြစ်ပါတယ်။

play

 

ထောင်နဲ့ချီတဲ့ ဒေသခံတွေကို နေအိမ်မှ စွန့်ခွာပြောင်းရွှေ့စေခဲ့ပါတယ်။ လင်ကက်ရှိုင်းယား၊ ဂရိတ်တာမန်ချက်စတာနဲ့ ယော့ခ်ရှိုင်းယား၊ စကော့တလန်နဲ့ ဝေလတို့ရဲ့ ဒေသများရှိ အချို့မြို့ငယ်များဟာ တစ်မြို့လုံး ရေလွှမ်းမိုးမှုဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။

play

 

ရေကြီးဖြစ်ပွားနေတဲ့ ဒေသတွေမှာ မြစ်ရေက ပြီးခဲ့တဲ့ တစ်လကတည်းက မြင့်တက်နေခဲ့တာဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ယခုလို ဆိုးရွားတဲ့ ရေကြီးမှု ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

play

play

 

ဗြိတိန်မိုးလေဝသဌာနက လင်ကက်ရှိုင်းယား၊ ယော့ခ်ရှိုင်းယားနဲ့ ဟမ်ဘာတို့မှာ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်တာကြောင့် အနီရောင်အဆင့် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

 

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video