AD
AD
AD
play

 

ပြီးခဲ့သည့် နိုဝင်ဘာက အင်းလေးကန်၏ ရေထွက်အချို့ကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ရေထွက် ၅ နေရာနှင့် အင်ကြင်းကုန်းကျေးရွာရှိ သောက်သုံးရေကန်တို့တွင် ရေစေးသွက်မှု ပမာဏမြင့်မားနေပြီး ယင်းဓာတ်သည် ရေရှည်တွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါ များနှင့် ကျောက်တည်ခြင်းရောဂါ များ ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးမှ ဒေါက်တာ ကျော်ငြိမ်းအေးက ပြောသည်။

play

 

ခဲဓာတ်၊ သံဓာတ်၊ ကက်ဒမီယံဓာတ်တို့မှာ သောက်သုံးရေ စံနှုန်းထက် ကျော်လွန်နေ၍ သတ္တုဓာတ်ပမာဏ မြင့်မားနေရခြင်းကို အဖြေရှာနိုင်ရေး ဆက်လက် စောင့်ကြည့်ရန် လိုသည်ဟု ဆို သည်။

play

 

 အင်းလေးကန်ဒေသတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အလွန်အကျွံအသုံးပြုခြင်း၊ ကန်အတွင်း စွန့်ပစ်သည့် အညစ်အကြေးများကြောင့် ရေ၏ အရည်အသွေး ကျဆင်းခြင်းတို့ကြောင့် ၂၀၁၀ ပြည့်နှစ် သြဂုတ်လတွင် ကောက်ယူထားသည့် ရေအရည်အသွေးထက် များစွာဆိုးရွားလာသည်ဟု UN HABITAT မှ ဒေသဆိုင်ရာ မန်နေဂျာ မစ္စတာဗီဂျေးက ပြောသည်။

Source : 7day

Photos : Ei

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD