News: ၁၁ ထပ်က ပြုတ်ကျလာသူကို လက်နဲ့ဖမ်းဖို့ ကြိုးစားတဲ့ အမျိုးသား

, updated

အခြားသူတွေက ဘေးလွတ်ရာ ရှောင်ပြေးသွားပေမဲ့ အမျိုးသားတစ်ဦးကတော့ ကိုယ်ဒဏ်ရာရမှာကို မမှုပဲ ကယ်တင်ဖို့ ကြိုးစားခဲ့တာပါ။

play

 

အထပ်မြင့်တိုက် ၁၁ ထပ်ကကျလာတဲ့ အမျိုးသမီးတစ်ဦးကို ဘာအကူအညီ ပစ္စည်းမှ မပါပဲ လက်ချည်းသက်သက် အောက်ကနေ ဖမ်းပြီးကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦးက တရုတ်နိုင်ငံမှာ သူရဲကောင်းအဖြစ် နာမည်ကြီးနေပါတယ်။

တိုက်ပေါ်ကပြုတ်ကျလာတဲ့ အမျိုးသမီးရဲ့ အော်သံကို ကြားလိုက်ရတဲ့ အတွက် စားသောက်ဆိုင်ထဲက ပြေးထွက်လာပြီး အဆိုပါအမျိုးသားက အောက်ကနေ လက်နဲ့ဖမ်းဖို့ ကြိုးစားခဲ့တာပါ။ မစ္စတာဖမ်းလို့ ခေါ်တဲ့ အဆိုပါအမျိုးသားရဲ့ လက်နှစ်ဖက်ပေါ်ကို အဆိုပါအမျိုးသမီး ရောက်လာခဲ့ပေမဲ့လည်း အရှိန်ပြင်းလွန်းတာ ကြောင့် နှစ်ဦးလုံး မြေပြင်ပေါ်ကို လဲကျသွားပါတယ်။

တိုက်ပေါ်က အမျိုးသမီးပြုတ်ကျလာချိန်မှာ အနီးအနားမှာ ရှိသူတွေက ဘေးလွတ်ရာထွက်ပြေးခဲ့ကြပြီး အဆိုပါ အမျိုးသားက ကိုယ့်ကိုကိုယ်ဒဏ်ရာရခံကာ ကူညီဖို့ ကြိုးစားခဲ့တာပါ။ ပြုတ်ကျသွားအမျိုးသမီး အသက်ကိုတော့ ကယ်တင်ဖို့ မစွမ်းနိုင်ခဲ့ပါဘူး။ မစ္စတာဖန်းလည်း ခြေထောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပါတယ်။

Source & Photos: CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ