AD
AD
AD
play

 

ထူးထူးဆန်းဆန်းတွေ မကြာခဏ လုပ်ပြလေ့ရှိတဲ့ ဗလာဒီမာ ပူတင်က အခုလည်း အခြားသမ္မတတွေ မလုပ်တဲ အရာတစ်ခု လုပ်လိုက်ပြန်ပါပြီ။ သမ္မတပူတင်ရဲ့ မြင်းစီးနေတဲ့ပုံ၊ အပေါ်ပိုင်းဗလာကျင်းထားတဲ့ပုံ၊ သေနတ်ပစ်ဖို့ ပြင်နေတဲ့ပုံ စတဲ့ သဘာဝ ဓာတ်ပုံတွေကို စုစည်းပြီး ပြက္ခဒိန်ထုတ်ထားတာ ဖြစ်ပါတယ်။

play

 

ပြက္ခဒိန်ဆယ့်နှစ်ရွက်အတွက် ရုရှားသမ္မတပူတင်ရဲ့ သဘာဝဓာတ်ပုံ ၁၂ ပုံကိုမြင်ရမှာ ဖြစ်ပြီး တစ်မျက်နှာချင်းစီတိုင်းမှာ ပူတင်ရဲ့ မှတ်မှတ်သားသား ဖြစ်လောက်တဲ့ စကားတွေကို ဖော်ပြပေးထားပါတယ်။ ပူတင်လေ့ကျင့်ခန်း လုပ်နေတဲ့ပုံနဲ့ ခွေးကလေးကို ယုယုယယု ချစ်နေတဲ့ ပုံလည်း ပါဝင်ပါတယ်။

play

 

ရုရှားနိုင်ငံကိုစစ်ရေးအရ ဘယ်သူမှ မကျော်လွှားနိုင်ဘူးဆိုတဲ့ စာသားအချို့ကိုလည်း ပြက္ခဒိန်မှာ ရိုက်နှိပ်ထားပါတယ်။ မတ်လအတွက် ပြက္ခဒိန်စာရွက်မှာတော့ ရုရှားအမျိုးသမီးတစ်ဦးနဲ့ ပူတင် တွဲကနေတဲ့ ပုံကိုတင်ထားပြီး “ ရုရှားအမျိုးသမီး အားလုံးကို ကျွန်တော်သဘောကျတယ်။ သူတို့က ကမ္ဘာမှာ အထက်မြက်ဆုံးနဲ့ အတော်ဆုံး အမျိုးသမီးတွေပဲ” လို့ ပူတင်ပြောထားတဲ့ စကားကို ထည့်သွင်း ဖော်ပြထားပါတယ်။

play

 

ပူတင်ကိုထောက်ခံသူ၊ မထောက်ခံသူ အမျိုးမျိုး ကွဲပြားနေပေမယ့် ဒီပြက္ခဒိန်ကတော့ အတော် နာမည်ကြီးနေပါတယ်။ ရုရှားမဂ္ဂဇင်း Star and Advice က ဒီပြက္ခဒိန်ကို ရိုက်နှိပ်ဖြန့်ချီတာပါ။

Source : joe.uk

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD