play

 

ကမ္ဘာ့ပထမဆုံး ပစိဖိတ်သမုဒ္ဒရာဖြတ် တစ်ဦးတည်း မရပ်မနား လှေလှော်ခရီးစဉ်ကို ဗြိတိန်နိုင်ငံသားတစ်ဦးက အောင်မြင် ပြီးမြောက်နိုင်ခဲ့ပါတယ်။

play

 

မြောက်အမေရိကမှ သြစတြေးလျသို့ ပစိဖိတ်သမုဒ္ဒရာကို လှေတစ်စင်းဖြင့် တစ်ဦးတည်း လှော်ခတ်ဖြတ်သန်းတဲ့ စွန့်စားမှု ခရီးစဉ် ဖြစ်ပါတယ်။

play

 

အသက် ၅၃ နှစ်အရွယ် ဂျွန် ဘီဒန်က ယခုနှစ် ဇွန်လ ၁ ရက်နေ့က ဆန်ဖရန်စစ္စကိုမှ စတင်ထွက်ခွာခဲ့ပြီး တစ်နေ့လျှင် ပျမ်းမျှ ၁၅ နာရီကြာ လှေလှော်ခတ်ခဲ့ပါတယ်။

play

 

ဘီဒန်ရဲ့ ရည်မှန်းထားမှုအရ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်ခန့် သြစတြေးလျ အရှေ့မြောက် ကမ်းရိုးတန်ရှိ ကိုင်ရာစ်မြို့ကို ရောက်ရှိမှာ ဖြစ်ပေမဲ့ ရာသီဥတု ဆိုးရွားမှုကြောင့် လှေလှော်ခတ်မှုကို လျှော့ချခဲ့ရပါတယ်။

play

 

ဘီဒန်ဟာ ယနေ့ ( ဒီဇင်ဘာ ၂၇ ရက်) ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ ကိုင်ရာစ်ကို ရောက်ရှိခဲ့ပြီလို့ သူ့ရဲ့   Twitt er မှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး သမုဒ္ဒရာဖြစ်တဲ့ ပစိဖိတ်ကို ဖြတ်သန်းတဲ့ ဘီဒန်ရဲ့ စွန့်စားခန်း  ခရီးစဉ်က စုစုပေါင်း ၂၀၉ ရက် ကြာမြင့်ခဲ့ပါတယ်။

play

 

ဘီဒန် လှေလှော်ခတ်ခဲ့တဲ့ ခရီးအကွာအဝေးက မိုင်ပေါင်း ၇,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ သူဟာ ရက်ပေါင်း ၂၀၉ ရက်လုံးလုံး သမုဒ္ဒရာထဲမှာ လှေတစ်စင်းကို မရပ်မနား လှော်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဘီဒန်ဟာ လွန်ခဲ့တဲ့ ၄ နှစ်က ဒုတိယအကြီးဆုံး သမုဒ္ဒရာဖြစ်တဲ့ အတ္တလန္တိတ်ကို လှေဖြင့် လှော်ခတ် ဖြတ်သန်းခဲ့ဖူးပါတယ်။

Source & Photo : BBC, Sky News, John Beeden Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video