play

 

ယခုနှစ် ရာသီတွင် အလောင်းတော် ကဿပသို့ ဘုရားဖူး သွားရောက်မည့်သူများအတွက် ရာသီလမ်းကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

မူလက ဒီဇင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း လမ်းပြုပြင်မွမ်းမံမှုများ ထပ်မံ ပြုလုပ်နေသဖြင့် ယခုမှသာ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဘုရားလမ်းသည် နှစ်စဉ် မိုးရာသီတွင် ပျက်စီးမှုများ ရှိခဲ့သည့်အတွက် အလောင်းတော် ကဿပ ဝန်ဆောင်မှုအဖွဲ့ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက နိုဝင်ဘာလဆန်းကတည်းက လမ်းပြင်ဆင်မှုကို ပြုလုပ်နေခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

အလောင်းတော် ကဿပ ဗုဒ္ဓ ပူဇနိယပွဲတော်နှင့် ကပိုင်- သပိတ်ဆေးဘုရား ရာသီလမ်းဖွင့်ပွဲကို ယင်းမာပင် မြို့နယ် ကပိုင်စံပြကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Source & Photo : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video