play

 

စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးအသင်းက  ပြုလုပ်သော ပတ်ဝန်းကျင်ရေးရာ ပြည်သူ့စစ်တမ်းရလဒ်များအရ အ ကောင်းမွန်ဆုံး ပတ်ဝန်းကျင်အခြေအနေကို တနင်္သာရီတိုင်းဒေသကြီးတွင်တွေ့ရှိရကြောင်း သိရသည်။

play

 

ပတ်ဝန်းကျင်ရေးရာ ပြည်သူ့စစ်တမ်းသည် သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်အခြေအနေ၊ နိုင်ငံအတွင်း သဘာဝသယံဇာတပျက်စီးပြုန်းတီးမှုအခြေအနေ၊ ယင်းပျက်စီးမှုများကို ဖြစ်စေတတ်သော တွန်းအားနှင့် ဖိအားများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ပြည်သူတို့၏ စားဝတ်နေရေးအပေါ် သက်ရောက်မှုများ၊ အုပ်ချုပ်သူဌာန ဆိုင်ရာများ၏ ပတ်ဝန်းကျင်အခြေအနေကို တိုးတက်အောင် ဆောင်ရွက်မှု၊ ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များတွင် ပြည်သူများ ပူးပေါင်း ပါဝင်နိုင်မှုနှင့် ပါဝင်နိုင်ခွင့်အပေါ် အခြေခံ၍ လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီးသည် ပတ်ဝန်းကျင် ပကတိအခြေအနေများတွင် ရမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။

play

 

မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် နိုင်ငံအနှံ့အပြား၌ ဖြစ်ပွားနေသည့် သစ်တောပြုန်းတီးခြင်းသည် အဓိကဇာစ်မြစ်ဖြစ်ပြီး ရေထုညစ်ညမ်းခြင်း၊ မြေအောက်ရေခန်းခြောက်ခြင်း၊ စိမ့်မြေများ ပျောက်ကွယ်ခြင်း စသည့် ရေသယံဇာတဆိုင်ရာ ညစ်ညမ်းမှုပြဿနာများက ဒုတိယအဖြစ်အများဆုံးနှင့် လေထု ညစ်ညမ်းခြင်းက တတိယအများ ဆုံးဖြစ်သည်။

အဆိုပါ ပတ်ဝန်းကျင်လေ့လာဆန်းစစ်ချက်ကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ ၂၀၁၃-၁၄ အတွင်း မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀) ခု၊ မြို့နယ် (၅၀) အတွင်းရှိ ကျေးရွာ (၄၅၉) ရွာတွင် ပြည်သူ့ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ၂ နှစ် တစ်ကြိမ် လေ့လာဆန်းစစ်မည်ဖြစ်ကြောင်း သိရသည်။


Source: 7 Day Daily

Photo: thanintharyitharblog, traveldragon, democracyforburma

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video