AD
AD
AD
play

 

ချင်းပြည်နယ်ကိုဖော်ကျူးသည့် ချင်းပြည်နယ်၏ အမှတ်သင်္ကေတဖြစ်သော တောင်ဇလပ်နှင့် ချယ်ရီပန်းများ အများဆုံးဖူးပွင့်သော တီးတိန်မြို့နယ်၊  ကနေဒီတောင် (Thangmual) ခေါ် လေသာတောင်ကြော တစ်လျှောက်တွင် ဖူးပွင့်နေသော အဆိုပါပန်းများကို ဝိုင်းဝန်း ထိန်းသိမ်းရန်လိုအပ်နေကြောင်း သိရသည်။

ကနေဒီတောင်သည် ချင်းပြည်နယ် (မြောက်ပိုင်း) ၊ ပင်လယ်ပြင်အမြင့် ၈,၈၇၁ ပေရှိပြီး အမြင့်ဆုံးဖြစ်ကာ ဒေသအလှကို အကောင်းဆုံးမြင်တွေ့နိုင်သည့် နေရာဖြစ်သဖြင့် ခရီးသွားလုပ်ငန်းအတွက် များစွာအထောက်အကူပြုနိုင်သည့် ဒေသဖြစ်ကြောင်း၊ ယခုအခါ ချင်းတောင်ပေါ်တွင် တစ်နှစ်ထက်တစ်နှစ် သစ်တော၊ သစ်ပင်များခုတ်ထွင်နေမှုကြောင့် ပြုန်းတီးလာပြီး ရာသီဥတုဖောက်ပြန်လာကြောင်း၊ အအေးပိုင်း ဒေသပေါက်ပင်တစ်မျိုးဖြစ်သည့် ပြည်နယ်၏သင်္ကေတပြု တောင်ဇလပ်နှင့် ချယ်ရီပန်းပင်များမှာလည်း တဖြည်းဖြည်းပြုန်းတီးစပြုလာပြီဖြစ်ကာ ကနေဒီဒေသ သစ်တောပြန်လည်ထူထောင်ရေးအတွက် ဒေသခံများ၏ ပူးပေါင်း ပါဝင်မှုကလည်းများစွာလိုအပ်နေပြီး ချင်းတောင်ရှိ တောင်ဇလပ်၊ ချယ်ရီ ပင်များခုတ်ယူမှုကို တားဆီးကာကွယ်ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးမှုများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်နေသည်။

play

 

ချင်းပြည်နယ်ကို ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သည့် သဘာဝအခြေခံခရီးသွား ဒေသတစ်ခုဖြစ်လာ စေရန်ရည်ရွယ်ကာ ဒေသသာယာလှပရေး အတွက် ၂ဝ၁၂ ခုနှစ်မှ စတင်၍ ကနေဒီ တောင်စိမ်းလန်းစိုပြည်ရေးအဖွဲ့ ဖွဲ့စည်းပြီး အာလွယ်ကျေးရွာတွင် သစ်ပင်များစိုက်ပျိုးခြင်း ဖြင့်လည်းကောင်း၊ ချယ်ရီ၊ ခါတော်မီ၊ ထင်းရှူး စသည့်အပင် နှစ်သောင်းရှိ နှစ်ဧကကို ကနေဒီဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံများ၏ ဘဝနေထိုင်မှုလိုအပ်ချက်အတွက် သစ်တောပြုန်းတီးမှု ဖြစ်ပေါ်နေသည့် နေရာများတွင် ပြန်လည်ပျိုးထောင်စိုက်ပျိုးခြင်းနှင့် လှုံ့ဆော်ထိန်းသိမ်းခြင်းဖြင့် လည်းကောင်း၊ တောင်ဇလပ်နှင့် ချယ်ရီသစ်ပင်ပန်းမန်များ ထိန်းသိမ်းခြင်းဖြင့်လည်းကောင်း ကနေဒီ စိမ်းလန်းစိုပြည်ရေးအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source & Photo: MOI Webportal Myanmar ၊ ဇိုဟေဆာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD