AD
AD
AD
play

 

ဖားကန့်မြို့နယ် ကံပေါက်ကျေးရွာမှ ပေ ၄၀၀ ခန့် အမြင့်ရှိ စွန့်ပစ် မြေစာပုံသည် ဒီဇင်ဘာ ၂၅ ရက်ညနေ ၆ နာရီခန့်က ပြိုကျခဲ့သည်။ ရေမဆေးကျောက် ရှာဖွေသူ ၅၀ ခန့် မြေပိသွားကြောင်း ဒေသခံများက ပြောသော်လည်း မြေစာပုံတွင် ဖြစ်ပေါ်နေသည့် အက်ကြောင်းများကြောင့် ရှာဖွေရေးများ အင်တိုက်အားတိုက် မလုပ်ဆောင်ရသေးမီ ထပ်မံပြိုကျလာ၍ ရပ်ဆိုင်းခဲ့ရကြောင်း လူမှုရေး  အဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက ဒီဇင်ဘာ ၂၇ ရက်တွင်ပြောသည်။

‘‘ဒီနေ့မနက် ၈ နာရီကနေပြီးတော့ ဘက်ဟိုး ခုနစ်စီးနဲ့ရှာတယ်။ ၀ိုင်းလုပ်တဲ့ လူမှုဖူလုံရေးအဖွဲ့တွေ ရောဘာရော ၁၂ နာရီနောက်ပိုင်းမှာ အက်ကြောင်းတွေပေါ် လာလို့ အန္တရာယ်ရှိမှာစိုးလို့ ရပ်လိုက်တယ်’’ဟု ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးတင်ဆွေမြင့်က ဆိုသည်။

အခင်းဖြစ်ရာ အနီးဝန်းကျင်တွင် တပ်မတော်သားများ စောင့်ကြပ်နေပြီး အနီးဝန်းကျင်ရှိကုမ္ပဏီ များက မြေစာထပ်ပုံရန် ကားများ ရောက်လာသောကြောင့် တားဆီးနေသည်ကို တွေ့ရကြောင်း မြေစာပုံပြိုကျရာအနီး၌ ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။

Source & Photos : 7day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD