AD
AD
AD
play

 

လိပ်ကျွန်း လူသတ်မှုနဲ့ သေဒဏ်ချမှတ် ခံရတဲ့ မြန်မာလုပ်သားနှစ်ဦးအတွက် ဆန္ဒပြမိတဲ့ မလေးရောက် မြန်မာနှစ်ဦး အဖမ်းခံလိုက်ရပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၂၈) မနက်မှာ မလေးရောက် မြန်မာအချို့က မလေးရှားနိုင်ငံရှိ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အမှုကို အမှန်အတိုင်း စီရင်ပေးဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြသူတွေထဲက မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ဦးစန်းဝင်းနဲ့ ဦးချစ်ကောင်းတို့ကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြတာပါ။

play

 

ဦးစန်းဝင်းဟာ ကပ်ပုန်းနာရေးကူညီမှုအသင်း ဥက္ကဌဖြစ်ပြီး ဦးချစ်ကောင်းကတော့ Overstay ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဖမ်းခံရသူ နှစ်ဦးလုံးက မလေးရောက် မြန်မာတွေအတွက် ကူညီပေးနေကြတာ ဖြစ်ပါတယ်။


Source : 7 Day

Photo : ကိုမျိုး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD